ကျွန်တော်တို့ရဲ့ Summer Class အတန်းလေးကို အွန်လိူင်းမှနေကော၊ on campus ကော 5 March ၂၀၂၆ နွေရာသီမှာ ပြန်လည်စတင်ဖွင့်လှစ်ပါမယ်။
အတန်းချိန်တွေကတော့
မနက် 8:00am - 10:00am
မနက် 10:00am - 12:00pm
နေ့လည် 01:00pm - 3:00pm
နေ့လည် 3:00pm - 5:00pm
ဆိုပြီး အချိန်လေးချိန် ရှိပါတယ်။
သင်ကြားမယ့် ဘာသာရပ်ကတော့ Level အလိုက် English စာနဲ့ ICT ကိုသင်ကြားရမှာပါ။ တစ်ပတ် (၅) ရက် တက်ရမှာဖြစ်ပြီး Project နဲ့ Activities များကို ဆရာ/မ များနဲ့အတူ လုပ်ဆောင်ရဦးမှာပါ။ စာမေးပွဲကိုတော့ နွေရာသီ Water Festival မတိုင်ခင် Mid Term တစ်ခါ ဖြေဆိုရမည်ဖြစ်ပြီး၊ May လ တွင် Final Exam ဖြေဆိုကျရမည်ဖြစ်ပါသည်။
Attendance နှင့် ဖြေဆိုရမှတ်ပြည့်မီပါက Summer ပြီးဆုံးကြောင်း လက်မှတ်ရရှိမည်ဖြစ်ပါသည်။
English Test ဖြေဆိုရန်လိုအပ်ပြီး Level အလိုက် အဖွဲ့ခွဲ သင်ကြားပေးမည်ဖြစ်ပါသည်။ လုပ်ဆောင်ရမည့် အိမ်စာများကို သင်တန်းကျောင်း website မှ တစ်ဆင့် မိမိအကောင့်နှင့် ဝင်ရောက် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
ယခုမှ တက်ရောက်သူများအတွက်တော့ Phonics မှ စတင်တက်ရောက်လေ့လာရမည်ဖြစ်ပြီး Course ပြီးဆုံးသည်နှင့် English စာဆိုတာ အလွယ်လေးပါဆိုတဲ့ ခံစားချက်လေးပါ ရစေပါ့မယ်။
ICT ကိုလည်း မိမိ level အလိုက် သင်ကြားရမည်ဖြစ်ပြီး ICT အချိန်အတွက် ဖုန်း၊ တက်ဘလက် သို့မဟုတ် Laptop လိုအပ်မည်ဖြစ်ပါသည်။
Textbook ကိုတော့ မိမိ တက်ရောက်မည့် Level အလိုက် ဝယ်ယူရပါမည်။